ခက်ခဲကြမ်းတမ်းတဲ့ ခရောင်းလမ်းပေါ် လျှောက်လှမ်းနေရပေမယ့် အမျိုးသမီးတွေဟာ မျက်နှာမလွှဲနိုင်တဲ့ အကြောင်းတရားတွေကြောင့်ပဲ နိုင်ရာအခန်းကဏ္ဍကနေ ဆက်လက်ပါဝင်တော်လှန်နေကြတာလည်းဖြစ်ပါတယ်။
မတရားမှုကို တော်လှန်နေဆဲ သံမဏိနှင်းဆီများ

၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၈ ရက်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် အင်အားစုမှ အမျိုးသမီးများ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒထုတ်ဖော်နေသည့်မြင်ကွင်း။
လက်ရှိ နွေဦးတော်လှန်ရေးကာလမှာတော့ အာဏာသိမ်းစစ်တပ်ကို ဦးဆုံး ဆန္ဒပြသူတွေထဲ အမျိုးသမီးတွေက ဦးဆောင် ပါဝင်ခဲ့သလို လက်ရှိ အချိန်ထိလည်း လက်နက်ကိုင်လမ်းစဉ်တွေမှာ ဦးဆောင်သူနေရာကနေ ဆက်လက်ပါဝင်နေကြပါတယ်။
Share