သက်ကြီးနဲ့ ကိုယ်ခံအားနည်းသူတွေ ဆောင်းရာသီမတိုင်ခင် စတုတ္ထမြောက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းထား

Vaccine viles

Australia's vaccine rollout expanded to include a fourth dose with vulnerable and older Australians prioritised to get a fourth COVID-19 vaccine. Source: AAP/SOPA Image/Lightrocket

လွန်ခဲ့တဲ့ လေးလခန့်က ဘူစတာဒို့စ် ထိုးထားတဲ့ ဩစတြေးလျနိုင်ငံက သက်ကြီးရွယ်အိုများနဲ့ ကိုယ်ခံအားမကောင်းတဲ့ လူတွေအနေနဲ့ စတုတ္ထမြောက် COVID-19 ကာကွယ်ဆေးကို ထိုးယူနိုင်ပြီ ဖြစ်ပါတယ်။


သက်ကြီးသြစတြေးလျနိုင်ငံသားတွေ ဆောင်းရာသီမ၀င်မီ အကာအကွယ်များ ထပ်မံရရှိဖို့အတွက် တိုက်တွန်းထားပြီး ရောဂါဖြစ်ပွားမှုများ မြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဧပြီ ၄ ရက် ကစပြီး အသက် ၆၅ နှစ်အထက် သူတွေ စတုတ္ထအကြိမ် ထိုးချင်ရင် ထိုးနိုင်သလို အသက် ၅၀ ကျော် ဌာနေတိုင်းရင်းသားများ၊ ခုခံအားကျသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနဲ့ စောင့်ရှောက်ရေး ဂေဟာများမှာ နေထိုင်သူများလည်း ထိုးနိုင်ပါတယ်။

တတိယအကြိမ် သို့မဟုတ် COVID-19 ကူးစက်ခံရပြီးနောက် လေးလအကြာမှာ ထပ်လောင်းထိုးဖို့ အကြံပြုထားသည်။

အခုလောလောဆယ် အရွယ်ရောက်ပြီးသူ 68 ရာခိုင်နှုန်းသာ တတိယအကြိမ်ကိုဗစ် ကာကွယ်ဆေး ထိုးထားကြပြီး ၄ ချောင်းမြောက် ကာကွယ်ဆေးကို တခြားလူတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးဖို့ အစီအစဉ်မရှိသေးပါဘူး။

အချိန်ဟာ နှစ်စဉ် တုပ်ကွေးကာကွယ် ဆေးရရှိနိုင်တဲ့ အချိန်နဲ့တိုက်ဆိုင်ပြီး၊ ကာကွယ်ဆေး ထိုးသင့်သူတွေအနေနဲ့ ကိုဗစ်ကာကွည်ဆေးရော တုတ်ကွေး ကာကွယ်ဆေးပါ နှစ်ခုစလုံးကို ထိုးသင့်တယ်လို့ ပြောပါတယ်။ 


Share