ကိုဗစ်-၁၉ ကူးစက်သူများလာတဲ့အတွက် ဗစ်တိုးရီးယားပြည်နယ်ကို ၅ရက် ပိတ်ချ

ကိုဗစ် -၁၉ Delta မျိုးကွဲ ကူးစက်ပြန့်ပွားမှုကို ရပ်တန့်နိုင်ဖို့အတွက် ကြာသာပတေး ညသံခေါင်ယံအချိန်ကစပြီး ဗစ်တိုးရီးယားပြည်နယ်ကို ပိတ်ချသွားမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews ကကြေညာခဲ့ပါတယ်။

Victoria will enter a snap lockdown from midnight on Thursday in a bid to stop the spread of the Delta COVID-19 variant.

Victoria will enter a snap lockdown from midnight on Thursday in a bid to stop the spread of the Delta COVID-19 variant. Source: AAP

ပိတ်ချမှုဟာ ၅ရက်ကြာမှာဖြစ်ပြီး အကြောင်းအရာ ၅မျိုးအတွက်သာ အိမ်ပြင်ထွက်ခွင့်ရှိမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေအတွက် ဈေးဝယ်ထွက်ခြင်း၊ အပြင်မှာကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ အိမ်မှာလုပ်လို့မရတဲ့ မဖြစ်မနေသွားရမယ့်အလုပ် ဒါမှမဟုတ် စာသင်ကြားဖို့အတွက်၊ ဆေးရုံဆေးခန်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် နဲ့ ကိုဗစ်-၁၉ကာကွယ်ဆေး သွားထိုးဖို့အတွက်တွေဖြစ်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေဈေးဝယ်ထွက်တဲ့အခါ အိမ်ထောင်စုတခုမှာ တဦးတည်းသာသွားရမှာဖြစ်ပါတယ်။
ခရီးသွားလာမှုတွေကိုကန့်သတ်ထားမှာဖြစ်ပြီး နေအိမ်နဲ့ ၅ကီလိုမီတာ အကွာအဝေးသာသွားလာခွင့်ရှိမှာဖြစ်ပါတယ်။
ကပ်ရောဂါစဖြစ်ကတည်းကနဲ့ဆိုရင် ဒါဟာ ဗစ်တိုးရီးယားပြည်နယ်အတွင်း ၅ကြိမ်မြောက် ပိတ်ချမှုဖြစ်ပြီး ၂၀၂၁ခုနှစ်အတွင်းမှာ ၃ကြိမ်မြောက် ပိတ်ချမှုလည်း ဖြစ်ပါတယ်။
မဲလ်ဘုန်းမြို့ ရောကူးစက်ပြန့်ပွားမှုနဲ့ဆက်နွယ်ပြီး လက်ရှိမှာ လူမှုအသ်ိုင်းအဝိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်သူအသစ် ၁၈ဦ ရှိပါတယ်။
ဝန်ကြီးချုပ် Andrews က အခုပိတ်ချမှုဟာ လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်ကနဲ့ တထေရာတည်းဖြစ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တခေါက်ပိတ်ချမှုမှာ ထောက်ပံကူညီမှုရရှိကြတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အခုတခါမှာလည်း တူညီထောက်ပံ့မှုမျိုးရှိမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။


Share
Published 15 July 2021 11:59pm
Updated 16 July 2021 12:02am
By Rashida Yosufzai


Share this with family and friends