ဖြစ်တောင့်ဖြစ်ခဲသွေးခဲတာနဲ့ ဆက်စပ်မှုရှိတယ်လို့ အတည်ပြုချက်ထွက်လာပြီးနောက် AstraZeneca ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာအကြံပေးမှုအသစ်တွေကို အစိုးရကလက်ခံရရှိခဲ့တာဖြစ်ပါတယ်။
သွေးခဲတာနဲ့ ဆက်စပ်မှုရှိတယ်လို့ဥရောပအာဏာပိုင်တွေအတည်ပြုပြီးနောက် Australian Technical Advisory Group on Immunisation အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး AstraZeneca ကာကွယ်ဆေး ပထမအကြိမ်မထိုးရသေးတဲ့ အရွယ်ရောက်ပြီးသား အသက် ၅၀အောက်လူတွေ Pfizer ကိုပဲရွေးချယ်ထိုးပေးဖို့ အကြံပြုခဲ့တာဖြစ်တယ်လို့ ကြာဿပတေးနေ့ညမှာ ရုတ်တရက်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ဆေးဘက်ဆိုင်ရာအကြီးအကဲ Paul Kelly ကပြောပါတယ်။
အရွယ်ရောက်ပြီးသားအသက် ၅၀အောက်လူတွေအနေနဲ့ သူတို့တဦးချင်းကျန်းမာရေးအခြေအနေက လုံးဝအန္တရာယ်မရှိမှသာလျင် AstraZeneca ကိုဗစ်-၁၉ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ်နဲ့ထိုးပေးသင့်တယ်လို့ ပါမောက္ခ Kelly ကပြောပါတယ်။
AstraZeneca ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးလို့ ဆိုးကျိုးကြီးကြီးမားမားမခံစားရတဲ့လူတွေဟာ ဒုတိယအကြိမ်ကာကွယ်ဆေးကို ဘေးကင်းလုံခြုံစွာထိုးလို့ရမှာဖြစ်တယ်လို့ သူကပြောပါတယ်။
ကျန်းမာရေးဌာန၀န်ကြီး Brendan Murphy ကတော့ သွေးခဲတာဟာ အလွန်တရာမှ ဖြစ်တောင့်ဖြစ်ခဲတဲ့အရာတခုဖြစ်ကြောင်း၊ သြစတြေးလျားနိုင်ငံအနေနဲ့ အဆင့်အမြင့် ကြိုတင်ကာကွယ်မှု အနေအထားမှာရှိနေတယ်လို့ပြောပါတယ်။