နယူးဆောက်သ်ဝေးလ်မှာ ဖြစ်နေတာက ကူးစက်မှုမြန်တဲ့ Delta မျိုးကွဲဗီဇပိုးမျိုး ဖြစ်ပါတယ်။
ပြည်နယ်အစိုးရက Greater Sydney, the Central Coast, Blue Mountains, Wollongong နဲ့ Shellharbour မှာ တင်းကြပ်မှု ချမှတ်လိုက်တာဖြစ်ပြီး ဗုဒ္ဒဟူးညနေပိုင်း ၄ နာရီကစပြီး သက်ဝင်မှာဖြစ်ပြီး အနည်းဆုံး ၁ ပတ်ကြာ တင်းကြပ်မှုကို ချမှတ်ထားမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ သိသင့်တာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
လူစုဝေးခွင့် ကန့်သတ်မှုတွေ ပြန်လည်သက်ဝင်လာ
ကလေးငယ်အပါအဝင် နေအိမ်မှာ လူ ၅ ဦးအထိသာ လက်ခံခွင့် ရှိပါတယ်။
အောက်ဒိုးမှာ ပြုလုပ်တဲ့ အခမ်းအနားတွေ ဆက်လက်လုပ်ခွင့်ရှိပေမယ့် လူ ၅၀ အများဆုံးသာ စုဝေးခွင့်ရမှာ ဖြစ်ပါတယ်။
အဆောက်အဦးနဲ့ အဆောက်အဦးပြင်ပမှာ တစ်ဦးနဲ့တစ်ဦး ၄ စတုရန်း မီတာ အကွာ နေထိုင်ကြရမှာ ဖြစ်ပါတယ်။
Face mask ကို တပ်ဆင်ဖို့ ပြဌာန်းထား
နေအိမ်မဟုတ်တဲ့ အဆောက်အဦးအတွင်းမှာ စားသောက်တဲ့အချိန်ကလွဲရင် Face mask နှာခေါင်းစည်းတွေကို တပ်ဆင်ရမှာဖြစ်ပါတယ်။ အဲဒီနေရာတွေထဲမှာ ဆူပါမတ်ကက်တွေ၊ လုပ်ငန်းခွင်၊ ရထား၊ ဘတ်စ်ကားစတဲ့ အများပြည်သူ အသုံးပြုတဲ့ ယာဉ်တွေနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ အောက်ဒိုးအခမ်းအနားတွေ ပါဝင်ပါတယ်။
စားသောက်ဆိုင်၊ ကလပ်နဲ့ bar ဆိုင်တွေမှာ ကန့်သတ်မှုအသစ် ချမှတ်
အဆောက်အဦးအတွင်း သီးချင်းဆိုပွဲတွေ၊ အကပွဲတွေကို လုပ်ခွင့်ပိတ်ပင်ထားပြီး အခမ်းအနားအတွင်း ရှိနေသူတွေက မိမိနေရာမှာပဲ ထိုင်စားသောက်ရမှာ ဖြစ်ပါတယ်။
ဟိုစားပွဲ ဒီစားပွဲဆီ သွားပြီး စကားပြောဆိုတာမျိုးကို မလိုချင်ဘူးလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
ဘာသာရေးနဲ့ ဝတ်ပြုရေးနေရာမှာလည်း သီချင်းဆိုခွင့်တွေ ပိတ်ပင်ထားပါတယ်။
gym တွေမှာလည်း ကန့်သတ်မှုချမှတ်ထား
အကသင်တန်းနဲ့ gym သင်တန်းမှာ လူ ၂၀ သာ အများဆုံး စုဝေးခွင့်ရှိပြီး အဲဒီအတောအတွင်း နှာခေါင်းစည်းတွေကို တပ်ဆင်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ gym မှာ တစ်ဦး တစ်ယောက်ခြင်း ကစားတဲ့ လူတွေကတော့ နှာခေါင်းစည်း တပ်စရာ မလိုအပ်ပါဘူး။
မင်္ဂလာဆောင်ပွဲမှာ bridal party အက လုပ်နိုင်ပေမယ့် ၂၀ ဦးထက် ပိုခွင့်မရှိပါဘူး။ အသုဘ အခမ်းအနားမှာလည်း လူ ၂၀ သာ စုဝေးခွင့်ရှိပါတယ်။
အသုဘနဲ့ မင်္ဂလာဆောင်ပွဲ နှစ်ခုလုံးမှာ တစ်ဦးနဲ့တစ်ဦး ၄ စတုရန်းမီတာ အကွာမှာ နေထိုင်ရမှာ ဖြစ်ပါတယ်။
Sydney မြို့တွင်းမှာ နေထိုင်သူ၊ အလုပ်လုပ်သူနဲ့ Waverley, Randwick, Canada Bay, Inner West, Bayside နဲ့ Woollahra မြို့နယ်အတွင်းမှာ နေထိုင်သူတွေအနေနဲ့ မလိုအပ်ရင် အိမ်ပြင် မထွက်ဖို့ ကန့်သတ်ထားပါတယ်။
အကြောင်းပြချက် ရှိမှ အိမ်ပြင်ထွက်ရမယ် ဆိုတဲ့အထိမျိုး မသတ်မှတ်ထားပေမယ့် ဆစ်ဒနီမြို့တွင်းကလူတွေ မြို့ပြင်ထွက်တာမျိုးတွေတော့ မလုပ်ဖို့ ပြောပါတယ်။
တခြားပြည်နယ်နဲ့ နယူးဇီလန် နယ်စပ်ဖြတ်ကျော်မှုမှာ ကန့်သတ်မှုရှိ
New Zealand နိုင်ငံ Wellington မြို့ကို သွားရောက်လည်ပတ်ခဲ့တဲ့ ဆစ်ဒနီမြို့သား တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် နယူးဇီလန်က ဆစ်ဒနီနဲ့ နယ်စပ်ကို ပိတ်ချလိုက်ပါတယ်။
အလားတူ Tasmania နဲ့ Victoria ပြည်နယ်ကလည်း ရောဂါ ကူးစက်မှု ဖြစ်နေတဲ့ မြို့နယ်တွေက လူတွေကို ဝင်လာခွင့် ပိတ်ပင်ထားပါတယ်။
ဆစ်ဒနီကနေ ပြန်လာတဲ့ လူတွေအနေနဲ့ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ချွင်းချက်အနေနဲ့ သွားလာမှုလုပ်ချင်ရင် လျှောက်ထားရမှာ ဖြစ်ပါတယ်။
Western Australia ကလည်း NSW နဲ့ တင်းကြပ်တဲ့ နယ်စပ် လုံခြုံရေးကန့်သတ်ချက် ချမှတ်ထားပါတယ်။
South Australia ကလည်း NSW က လူတွေအတွက် နယ်စပ် ပိတ်ချလိုက်ပြီး နယ်စပ်မှာ နေထိုင်သူနဲ့ ပြည်နယ်ထဲ ပြန်ဝင်လာသူတွေအတွက်သာ ချွင်းချက်ထားရှိပေးထားပါတယ်။
Queensland ပြည်နယ်ကလည်း Greater Sydney က လူတွေကို ဝင်ခွင့်မပေးတော့ပဲ ပြည်နယ်ထဲ ပြန်လာမယ့် လူတွေအတွက်သာ ချွင်းချက်ထားှိပေးထားပြီး ကြာသပတေးနေ့ နောက်ပိုင်းမှ ပြန်လာရင် ၁၄ ရက်ကြာ ကွာရန်တင်း ဝင်ရမယ်လို့ သတ်မှတ်ထားပါတယ်။