ဆစ်ဒနီမြို့ပေါ်ပိတ်ချမှုနောက်ထပ်အနည်းဆုံး ၂ပတ်ထပ်တိုး၊ ဗစ်တိုးရီးယားပြည်အတွင်း ရောဂါကူးစက်သူ ၇ဦးတိုးလာ

နယူးဆော့သ်ဝေးပြည်နယ်အတွင်း ကိုဗစ် ၁၉ကူးစက်သူ ၉၇ဦး ထပ်မံတိုးလာတဲ့အတွက် ဆစ်ဒနီမြို့တွင်း နယ်နမိတ်အတွင်းမှာနေထ်ိုင်သူတွေအနေနဲ့ အချိန်တခုကြာတဲ့အထိ ပိတ်ချမှုအတွင်းမှာပဲဆက်ပြီးနေထိုင်ကြရမှာဖြစ်ပါတယ်။

NSW Premier Gladys Berejiklian is expected to announce a four-week extension to the Greater Sydney COVID-19 lockdown on Wednesday.

NSW Premier Gladys Berejiklian is expected to announce a four-week extension to the Greater Sydney COVID-19 lockdown on Wednesday. Source: AAP

ဆစ်ဒနီမြို့တွင်း နယ်နိမိတ်ကို အနည်းဆုံး နှစ်ပတ်ကြာ ထပ်တိုးလိုက်တယ်လို့ နယူးဆော့သ်ဝေးပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian ကြေညာလိုက်ပါတယ်။

အိမ်ထဲမှာပဲနေထိုင်ရမယ်ဆိုတဲ့အမိန့်ကို သောကြာနေ့ ဇူလိုင်လ ၃၀ရက်နေ့လောက်မှ အစောဆုံးဖယ်ရှားနိုင်လိမ့်မယ်လို့လည်းပြောပါတယ်။
ဗုဒ္စဟူးနေ့စာရင်းအရ နယူဆော့သ်ဝေးပြည်နယ်မှာ ဒေသအတွင်း ကိုရိနာဗိုင်းရပ် ကူးစက်ခံရသူ ၉၇ ဦးထပ်တိုးလာပြီး အဲဒီထဲက ၂၄ဦးဟာ လူမှုအသိုင်းအဝိုင်းအတွင်းရောဂါကူးစက်ခံရသူတွေဖြစ်ပါတယ်။

မဖြစ်မနေ အလုပ်သွားရမယ့် အလုပ်သမားတွေကလွဲရင် နှစ်ပတ်ကြာ ပိတ်ချမှုထပ်တိုးလိုက်တဲ့အတောအတွင်း နေအိမ်အတွင်းမှာပဲ ဆက်လက်ပြီး စာသင်ကြားကြရမှာဖြစ်ပါတယ်။
ရောဂါကူးစက်ခံရသူလူသစ်တွေထဲက အယောက် ၇၀ ဟာ ဆစ်ဒနီမြို့ အနောက်တောင်ဘက်မှာနေထိုင်သူတွေဖြစ်တယ်လို့ နယူးဆော့သ်ဝေး ပြည်နယ်နယ် ကျန်းမာရေးဌာနအကြီးအကဲ Dr Kerry Chant ကပြောပါတယ်။
Long queues of cars are seen at a pop up Covid testing clinic at the Fairfield Showgrounds in Sydney on Wednesday morning.
Long queues of cars are seen at a pop up Covid testing clinic at the Fairfield Showgrounds in Sydney on Wednesday morning. Source: AAP
တဆက်တည်းမှာပဲနယူးဆော့သ်ဝေးကနေ ပြန်လည်တဲ့ မိသားစုတွေနဲ့ ဆက်စပ်ပြီးတော့ ဗစ်တိုးရီးယားပြည်နယ်မှာ ဒီကနေ့ ဒေသတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၇ဦးတိုးလာပါတယ်။


Share
Published 14 July 2021 5:45pm
Updated 14 July 2021 5:49pm
By Claudia Farhart
Presented by Shah Paung


Share this with family and friends