ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေ။ ။ Sydney မှာကြိုတင်ရက်ချိန်းမလိုပဲ ကာကွယ်ဆေးသွားရောက်ထိုးလို့ရတဲ့ဆေးခန်းတွေဖွင့်လှစ်

ဇွန်လိုင်လ ၂၇ရက်နေ့ သြစတြေးလျားနိုင်ငံအတွင်း သင့်အတွက် ကိုရိုနာဗိုင်းရပ်ဆိုင်ရာ နောက်ဆုံးအခြေအနေကို အောက်ပါအတိုင်းဖော်ပြပေးထားပါတယ်။

Polisi waonekana nje ya jengo ambalo liko chini ya makatazo yakutoka, katika mtaa wa Devitt Street, katika kitongoji cha Magharibi Sydney cha Blacktown

Polisi waonekana nje ya jengo ambalo liko chini ya makatazo yakutoka, katika mtaa wa Devitt Street, katika kitongoji cha Magharibi Sydney cha Blacktown Source: AAP Image/Mick Tsikas

  • ဆစ်ဒနီအနောက်ဘက်ခြမ်းမှာ ကြိုတင်ရက်ချိန်းမလိုတဲ့ ကာကွယ်ဆေးထိုးလို့ရတဲ့ ဆေးခန်းတွေဖွင့်လှစ်
  • ဗစ်တိုးရီးယား နဲ့ SA ဒီညသန်းခေါင်းယံမှာပိတ်ချမှုအဆုံးသတ်မယ်
  • SA နဲ့ ကွင်းစလန်းမှာ ရောဂါကူးစက်ခံရသူမရှိ
  • အသက် ၆၀အထက် ရှိသူတွေကာကွယ်ဆေးထိုးပြီးတဲ့ အရေအတွက်နည်းတာကြောင့် စိုးရိမ်မှုတွေရှိနေ

နယူးဆော့သ်ဝေး

New South Wales မှာဒေသအတွင်း ရောဂါကူးစက်ခံရသူ ၁၇၂ဦးတိုးလာပြီး ဒီအထဲက ၆၀ထက်မနည်းဟာ လူမှုအသိုင်းအဝိုင်းထဲကကူးစက်ခံရသူတွေဖြစ်ပါတယ်။ Blacktown မှာရှိတဲ့ တိုက်ခန်းတွဲတခုမှာနေထိုင်သူ ၆ဦး ကိုဗစ်-၁၉ ရောဂါရှိကြောင်း စမ်းသပ်တွေ့ရှိရတဲ့နောက် အဲဒီတိုက်ခန်းဝန်းကျင်တဝိုက်ကို အစောင့် ရဲတွေချထားပါတယ်။

လူမှုအသိုင်းအဝိုင်းအလားလုံးအတွက် အသက် ၄၀အထက်ရှိသူတွေ ထိုးဖို့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကို NSW ကျန်းမာရေးဌာနက ကမ်းလှမ်းပေးလိုက်ပြီး 

မနက်ဖြန်ကစပြီး အသက် ၁၈နှစ်အထက်ရှိသူတွေ AstraZeneca ကိုဗစ်-၁၉ကာကွယ် ဆေးတွေကို  တွေထံကနေ သွားထိုးလိုရပြီး လူတွေအားလုံး ဖြစ်နိုင်လျင် အလျင်အမြန် သွားရောက်ထိုးကြဖို့ ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က တိုက်တွန်းလိုက်ပါတယ်။

 

ဗစ်တိုးရီးယား

ဗစ်တိုးရီးယားပြည်နယ်အတွင်း ရောဂါရှိသူ ၁၀ဦးထပ်မံတိုးလာပြီး သူတို့အားလုံးဟာ ရောဂါရှိနေချိန်တလျောက်လုံး ကွာရင်တင်းမှာ နေထိုင်သူတွေဖြစ်ပါတယ်။ ပဉ္စမအကြိမ် ပိတ်ချမှုကို ဒီကနေ့ည ၁၁နာရီ ၅၉မိနစ်မှာ အဆုံးသတ်မှာဖြစ်ပေမယ့် ကန့်သတ်ချက်တချို့ကိုတော့ ရှေ့နှစ်ပတ်ကြာတဲ့အထိ ဆက်လက်ထားရှိမှာဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်သူတွေအနေနဲ့ မိမိရဲ့အိမ်တွေမှာ ဧည့်သည်လုံးဝလက်ခံလို့မရတဲ့အပြင် လူထုစုဝေးပွဲတွေမှာ ၁၀ဦးထက်စုလို့မရသလို ပါးစပ်နဲ့နှာခေါင်းစည်းတွေကို မဖြစ်မနေ တပ်ဆင်ရမယ့် ကန့်သတ်ချက်တွေ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သြစတြေးလျားနိုင်ငံတခွင်အခြေအနေ

  • Wagga Wagga, Hay, Lockhart နဲ့ Murrumbidgee နေရာတွေကို ဗစ်တိုးရီးယားနဲ့ NSW နယ်စပ်သွားလာခွင့်ရနယ်မြေထဲမှာ ပယ်ဖျက်လိုက်ပါတယ်။
  • Commonwealth အချက်အလက်အရ အသက် ၆၀ အထက်ရှိသူတွေထဲမှာ ကာကွယ်ဆေး အပြည့်အဝထိုးထားသူ ၁၅ရာခိုင်နှုန်းသာရှိပါတယ်။
  • Sydney နဲ့ Melbourne မြို့တွေမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကိုချိုးဖောက်ပြီး ပိတ်ချမှုကိုဆန့်ကျင်တဲ့လူ ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

ကွာရင်တင်း၊ ခရီးသွားလာရေး၊ ရောဂါစစ်ဆေးမှုဆေးခန်းတွေနဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေး

ကွာရင်တင်းနဲ့ ရောဂါစစ်ဆေးမှုဆေးခန်းအတွက် လိုအပ်ချက်တွေကို ပြည်နယ်နဲ့ territory အစိုးရတွေက စီစဉ်ပြီး ဥပဒေချမှတ်တာဖြစ်ပါတယ်။

သင့်အနေနဲ့ နိုင်ငံခြားကိုခရီးသွားလိုပါက ချွင်းချက်အနေနဲ့ အွန်လိုင်းကဆင့် လျောက်ထားလို့ ရကောင်းရနိုင်ပါတယ်။ သြစတြေးလျားနိုင်ငံကနေထွက်ခွာဖို့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိလိုပါကနိုင်ပါတယ်။

နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ယာယီကန့်သတ်ချက်တွေရှိပြီး အစိုးရကနေ ပုံမှန်ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအခြေအနေတွေကိုအင်တာနက်စာမျက်နှာပေါ်မှာ နောက်ဖော်ပြထားပါတယ်။



  • သတင်းနဲ့အကြာင်းအရာတွေကို ဘာသာပေါင်း ၆၀ ကျော်နဲ့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
  • သင့်ရဲ့ပြည်နယ် ဒါမှမဟုတ် territory နဲ့သက်ဆိုင်တဲ့ လမ်းညွန်မှု။ ။,,,,,,.
  • ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်တွေကိုမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

NSW Multicultural Health Communication Service ရဲ့ဘာသာပြန်ဆိုချက်တွေကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ပြည်နယ်နဲ့ territory တခုစီအတွင်း ရောဂါစစ်ဆေးတဲ့ဆေးခန်းများ။




ပြည်နယ်နဲ့ territory တခုစီအတွင်း ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးအချက်အလက်များ။


Share
Published 27 July 2021 3:23pm
By SBS/ALC Content
Presented by Shah Paung
Source: SBS


Share this with family and friends