ဘုရင်မကို အောက်မေ့တဲ့အနေနဲ့ စက်တင်ဘာ ၂၂ ကြရင် ရုံးပိတ်ကျောင်းပိတ်ရက် သတ်မှတ်ပေး

ဝန်ကြီးချုပ် Anthony Albanese က ဘုရင်မကို လေးစားအသိအမှတ်ပြုနိုင်အောင် ပြည်သူတွေအတွက် ရုံးပိတ် ကျောင်းပိတ်ရက် တစ်ရက် သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

QUEEN ELIZABETH II AUSTRALIA REAX

Visitors walk past Australian flags flying at half mast outside Parliament House in Canberra, Friday, September 9, 2022. Queen Elizabeth II has died peacefully at Balmoral Palace in Scotland after more than seven decades on the throne. (AAP Image/Lukas Coch) NO ARCHIVING Source: AAP / LUKAS COCH/AAPIMAGE

Australia will observe a public holiday on September 22 in mourning for the Queen's death
  • The Queen's funeral will take place on Monday, September 19
  • The sessions of the Federal Parliament has been suspended to mourn the death of the Queen
ဩစတြေးလျနိုင်ငံမှာ လာမယ် စက်တင်ဘာလ ၂၂ ရက်နေ့ကြရင် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကို အောက်မေ့ဖွယ်ရာနေ့အဖြစ် အခမ်းအနားပြုလုပ်မှာ ဖြစ်ပြီး ရုံးပိတ်ကျောင်းပိတ်ရက်အဖြစ်လည်း သတ်မှတ်ပေးလိုက်ပါတယ်။

စက်တင်ဘာလ ၂၂ ရက်ရောက်ရင် နှစ်စဥ်နှစ်တိုင်း ရုံးပိတ် ကျောင်းပိတ်ရက် သတ်မှတ်ပေးတာမဟုတ်ပဲ ဒီတချီသာ သတ်မှတ်ပေးတာပါ။

လာမယ့် စက်တင်ဘာလ ၂၂ ရက်ကို ရုံးပိတ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးတဲ့အကြောင်း ဝန်ကြီးချုပ် Albanese က ဒီကနေ့မှာပဲ ကြေညာလိုက်တာဖြစ်ပြီး ဘုရင်မ နတ်ရွာစံပြီးတဲ့နောက် လူတွေ ဘုရင်မကို ကောင်းမွန်စွာ လေးစားမှု ပြုနိုင်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ စနေနေ့တုန်းက ဝန်ကြီးချုပ်ဟာ ပြည်နယ်အသီးသီး၊ အထူးဒေသ အသီးသီးရဲ့ ဝန်ကြီးချုပ်တွေ၊ ခေါင်းဆောင်တွေနဲ့ ပြောဆိုဆွေးနွေးမှုလုပ်ပြီးနောက် ဒီမနက်မှာ စာနဲ့ နောက်ထပ်ရေးပြီး အကြောင်းကြားထားတယ်လို့ ပြောပါတယ်။
အားလုံးကလည်း ရုံးပိတ်ရက်အဖြစ် တစ်ရက်တာ သတ်မှတ်ပေးတာကို သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

ဘုရင်မရဲ့ စျာပနာ အခမ်းအနားကို လန်ဒန်မြို့မှာ စက်တင်ဘာလ ၁၉ ရက်မှာ ပြုလုပ်ဖို့ ရှိပါတယ်။
Britain's Queen Elizabeth sits at a desk in the 1844 Room at Buckingham Palace
Britain's Queen Elizabeth sits at a desk in the 1844 Room at Buckingham Palace Source: AAP

Share

Published

By SOURCE AAP - SBS
Source: SBS


Share this with family and friends